DETAILS


800 Bowls

Chinese Food


    # G-06/07, Asia Business Centre, 48th St., Cor. of Maharbandoola Rd.,Botahtaung,Yangon
   09-964588875
   http://www.premiumports.com

MENU


Chinese food | Others | Myanmar Noodles | Café | Delivery | Take Away | Parking | Wi-Fi | English | Air conditioner | English Menu | Chinese Menu | Lunch | Dinner | Couples | Groups / Party | Tourists | Men | Woman


DESCRIPTION


800 Bowl Chinese Restaurant ဆိုင်သည် ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုချိန်တွင် လူအများကြားတွင် အောင်မြင်မှု ရရှိနေသော ဆိုင်ဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာလေးကတော့ ၄၈လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် ၊ ကျောက်တံတားမြို့နယ်တွင် ဖွင့်လှစ်ထားသော တရုတ်အစားအစာများ ၊ လတ်ဆတ်သော ပစ္စည်းများဖြင့် အသုံးပြုထားသော ခေါက်ဆွဲများနှင့်  တရုတ်အစားအစာများထဲတွင် နာမည်ကြီးသော ရှောင်လုံးပေါင်း ပေါက်စီများ ကို စိတ်တိုင်းကျ ၀န်ဆောင်မှု ပေးသော ဆိုင်ဖြစ်ပါတယ်။ ဆိုင်တွင် ဖက်ထုပ်ခေါက်ဆွဲနှင့် ရှောင်လုံးပေါင်း ပေါက်စီများမှာ စားသုံးသူများ၏ အကြိုက်ဆုံးများဖြစ်ကြပြီး ဆိုင်၏ အရောင်းရဆုံးလည်း ဖြစ်ပါတယ်။ စားစရာများကို ပြင်ဆင်ပေးသော စားဖိုမှုးမှာ ထိုင်ဝမ်မှ အတွေ့အကြုံများသော ဝါရင့်စားဖိုမှုးမှ ချက်ပြုတ် ပြင်ဆင်ပေးသောကြောင့် တရုတ်အစားအစာကို အရသာ မပျက် စားသုံးချင်သူများအတွက် အဆင်ပြေစေသော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ 
800 Bowl Chinese Restaurant ဆိုင်အပြင်အဆင်မှာ အပြင်ဘက်မှ ကြည့်လျှင် သန့်ရှင်းသပ်ရပ်စွာဖြင့် ရိုးရှင်းစွာ ပြင်ဆင်ထားပြီး အတွင်းပိုင်းတွင်တော့ ခေတ်မှီသော အပြင်အဆင်များကြောင့် အေးဆေးအနားယူရင်း စားသုံးချင်သူများအတွက် အဆင်ပြေစေပါတယ်။ ဆိုင်မှာ ကျယ်ဝန်းပြီး ကားရပ်နားရန်အတွက်လည်း အဆင်ပြေစေပါတယ်။ 800 Bowl Chinese Restaurant ဆိုင်သည် ၂ ထပ်ရှိပြီး ကျယ်ဝန်းသော ဆိုင်အနေအထားကြောင့် စားသုံးသူ လူဦးရေ ၁၂၀ ခန့်တစ်ပြိုင်နက် စားသုံးနိုင်ပြီး မွေးနေ့ပွဲများ ၊ ပါတီများ နှင့် အခြားပွဲများ ကို ကျင်းပချင်သူများအတွက်လည်း ဆိုင်တာဝန်ခံမှ စိတ်တိုင်းကျ ဖြစ်အောင် တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။
800 Bowl Chinese Restaurant ဆိုင်ဝန်ထမ်းများမှာလည်း သွက်လက်မြန်ဆန်သော ၀န်ဆောင်မှုများဖြင့် ၀န်ဆောင်မှု ပေးပါတယ်။ ဆိုင်၏ စားစရာများမှာလည်း ဈေးနုန်းသင့်တင့်သောကြောင့် လူတန်းစားမရွေး စားသုံးနိုင်သော ဆိုင်ဖြစ်ပါတယ်။ ထို့ကြောင့် သွားရလာရလွယ်ကူပြီး သူငယ်ချင်း မိတ်ဆွေများဖြင့် အနားယူရင်း စားသုံးနိုင်သော 800 Bowl Chinese Restaurant ကို သွားရောက် စားသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Opening Hours

11:00 AM - 10:00 PM



MAP




Copyright © 2014 - 2017 IMEX (Myanmar) Co., Ltd. All rights reserved.