Myanmar Food & Hotel 2018




အစားအသောက် နှင့် ဟိုတယ် လုပ်ငန်းရှင်များအတွက် စီးပွားရေးအဆက်အသွယ် ကောင်းများကိုများစွာ ဖြစ်ထွန်းစေခဲ့တဲ့ Food and Hotel Myanmar 2018 ကို မင်းဓမ္မလမ်း Myanmar Event Park မှာ June 6 မှ June 8 ထိကျင်းပခဲ့ပါတယ်။Myanmar Food & Hotel 2018 သည် မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံတကာ အစားအသောက် နှင့် ဟိုတယ်လုပ်ငန်း ကုန်စည်ပြပွဲဖြစ်ပြီး ဒီပြပွဲကို London မြို့ Stock Exchange ထိပ်တန်းစာရင်းဝင်သော နိုင်ငံတကာကုန်စည်ပြပွဲ စီစဉ်ရေးလုပ်ငန်း မြန်မာနိုင်ငံ အခြေစိုက် UBM Myanmar မှ စီစဉ်ကျင်းပပါသည်။ ကျွန်တော်တို့ IMEX (Myanmar) Co., Ltd. - Original founder of Myanmar Yellow Pages မှ Media Partner အဖြစ်ပါဝင်ကူညီခဲ့ပါတယ်။မြန်မာနိုင်ငံ၏ အကြီးမားဆုံးအစားအသောက်နှင့် ဟိုတယ်ပိုင်းဆိုင်ရာကုန်စည်ပြပွဲတစ်ပွဲဖြစ်တာကြောင့် များပြားတဲ့ အစားအသောက်နဲ့ ဧည့်ခံမှု၊ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုပေးပုံတွေကို ပြသခဲ့ပါတယ်။နိုင်ငံပေါင်း(၂၇)နိုင်ငံမှ ကုမ္ပဏီပေါင်း(၂၃၀)ကျော် ပါဝင်ကာ ကုန်အမှတ်တံဆိပ်ပေါင်း(၁)ထောင်ကျော်ပြသခဲ့ကြပြီး၊ ဂျာမနီ၊ ကိုရီးယား၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် အမေရိကန်နိုင်ငံတို့မှ သီးသန့်နိုင်ငံတကာ ပြခန်းများလည်းပါဝင်ပြသခဲ့ပါတယ်။✅မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီများဖြစ်ကြတဲ့ Sithar Coffee Co. Ltd, Caffa Myanmar Co. Ltd, Customers Right Choice (Myanmar) Co. Ltd, Fortress Land Co. Ltd, Premium Distribution Co. Ltd, Unilever (Myanmar) Services Ltd နှင့် Aroma Gourmet Concepts နှင့် အခြားအစရှိသည့် ကုမ္ပဏီများစွာပါဝင်ပြသခဲ့ပါတယ်။

Copyright © 2014 - 2017 IMEX (Myanmar) Co., Ltd. All rights reserved.